Mya Kyauk SayaDaw

Home Page
Abhidhamma in English
Abhidhamma in Myanmar
Audio in English
Audio in Myanmar
Video in English
Video in Myanmar
eBook in English
eBook in Myanmar
NEWS သတင်းဏ္ဍ

လှုဒါန်းရန်
အကြံပြုချက်များ
Contact Us
Useful Link
LIVE Webcast

Mya Kyauk SayaDaw

               

 

 

မဟာသဒ္ဓမ္မဇောတိကဓဇ

မြကျောက် ဆရာတော်

ဘဒ္ဒန္တခေမာစာရ

ဟောကြားတော်မူသောတရားတော်များ

 

လိပ်စာ

အတုလမဟာ မြကျောက်စေတီတော်

ရန်ကင်းတောင်ခြေ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်း

လက်ကိုင်ဖုန်း။ (၉၅) ၉-၂၀၀၅၆၂၇

လိုင်းဖုန်း။ (၉၅) ၂-၅၇၁၉၀

 

Atulamala Mya Kyauk ZediDaw

Yankin Taung Jei

Mandalay Division, Myanmar

Mobile Phone: (95) 9-2005627

Te:(95) 2-57190

 

 

 

၃၁-၁၂-၂၀၁၁ ရက်၊ ညနေ ၇နာရီ - မဂ္ဂင် ရှစ်တန် တရားမှန်ကို လိုက်နာကျင့်သုံးရန် (Burmese Buddhist Temple Singapore) mp3

 

 

၁။ ၁၉-၅-၂၀၀၂ ရက် နေ့၊ ညနေ - လောကကြီးကိုဘယ်သူကြီးစိုးပါသလဲ (Burmese Buddhist Temple Singapore)

၂။ ၂-၆-၂၀၀၂ ရက် နေ့၊ ညနေ - ချမ်းသာခြင်းသည်မင်္ဂလာတပါး (Burmese Buddhist Temple Singapore)

 

 

၃-၁-၂၀၁၁ အဘိဓမ္မာ အခြေခံ တရားတော် (စကာၤပူ)

၄-၁-၂၀၁၁ သီလ၊ သမာဓိ မဂ္ဂင်နှင့် အာနာပါနကမ္မဋ္ဌာန်း တရားတော် (စကာၤပူ)

 

 

*******************************************************

http://snapshot-news.com/index.php?option=com_content&view=article&id=463:2009-06-29-16-05-57&catid=83:vol2-no39&Itemid=108

မန္တလေးမြို့အနီးက ထူးခြားအံ့ဖွယ် နဂါးဝင်္ကပါလိုဏ်ဂူတော်ကြီး

မြန်မာနိုင်ငံသည် သဘာဝ တောတောင်ရေမြေ အလှအပ ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ အလွန်လှပ သာယာသော ရေခဲတောင်၊ လျှိုမြောင်စိမ့်စမ်း၊ သဘာဝလိုဏ်ဂူ၊ အများအပြား ပိုင်ဆိုင်သည်။ ယခင်လပိုင်း အတွင်းက ဟိုပုံးမြို့အနီးတွင် ရှိသော ထမ့်စန်းသဘာဝ လိုဏ်ဂူတော်ကြီးကို ဟိုပုံး ကိုရင်လေးမှ ဦးစီးကာ ဖော်ထုတ်၊ ထိမ်းသိမ်း၊ သာသနာပြု လုပ်ငန်းများ၊ စတင် ဖော်ဆောင်နေပြီ ဖြစ်သည်။ ထိုကဲ့သို့ ထုံးကျောက်လိုဏ်ဂူ အမျိုးအစား လိုဏ်ဂူကြီး တစ်ခု မန္တလေးမြို့ အနီးတွင် တည်ရှိနေသည်။ ထိုလိုဏ်ဂူအား နဂါးဝင်္ကပါ လိုဏ်ဂူတော်ကြီးဟု ရန်ကင်း တောင်ခြေရှိ မြကျောက်ဆရာတော် ဘဒ္ဒန္တခေမာစာရက အမည်ပေးခဲ့သည်။ ထို့အပြင် ထိုလိုဏ်ဂူတော်ကြီး၏ အကြောင်းအရာ၊ အတွင်းပိုင်း၊ အလှအပများကို MRTV-4 ရုပ်မြင်သံကြား အစီအစဉ်မှ ရိုက်ကူး ထုတ်လွှင့်ပေးလျက် ရှိသည်။ နဂါးဝင်္ကပါ လိုဏ်ဂူသည် မန္တလေးမြို့၏အရှေ့ဘက် ပုသိမ်ကြီးမြို့နယ်အတွင်းတွင်တည်ရှိပြီး စက်မူတက္ကသိုလ် မြောက်းဘောင်မှ ရေကြည်ရွာအနီး အိုင်ကြီးရွာကိုဖြတ်ကာ သွားလျင်သော်လည်းကောင်း၊ မန္တလေး-ပြင်ဦးလွင်လမ်းမှ ဆည်တော်ကလေး သွားရာလမ်းခွဲမှ ဟုန်ပန်းစိုက်ပျိုးရေးခြံအနီးမှ ဖြတ်သန်းသွားလာလျင်သော်လည်းကောင်း ရောက်ရှိနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံရှိအခြားသော လိုဏ်ဂူတော်ကြီးများကဲ့သို့ ထူးခြားချက်များ ရင်သပ်ရှုမောဖွယ် ကျောက်စက်ပန်းဆွဲအလှများ သဘာဝတရား၏ ဆန်းကြယ်ပုံများတည်ရှိနေသောကြောင့် ထိုလိုဏ်ဂူကြီးအား မြန်မာမှကမ္ဘာသို့ပြနိုင်ရန် ကြိုးပမ်းလျက် ရှိသည့် မြကျောက်ဆရာတော် ဘဒ္ဒန္တခေမာစာရနှင့် လျှပ်တစ်ပြက်သတင်းဂျာနယ်မှ တွေ့ဆုံမေးမြန်းခဲ့ပါသည်။ (၂ဝဝ၅)ခုနှစ်မှာ ဝါးပင်များကဲ့သို့ ကျောက်စက်ပန်းဆွဲများရှိသောနေရာတစ် နေရာတွင် မယ်တော်တစ်ပါးမှ ညွှန်ပြနေသည်ကို မြကျောက်ဆရာတော်ကြီးမှ ထင်ထင်ရှားရှားအိပ်မက်ခဲ့သည်ဟုဆိုသည်။ (၂ဝဝ၅)ခုနှစ် (၅)လပိုင်းတွင် ကျောက်စက်ပန်းဆွဲများအား ချိုးယူရောင်းချသော ကလေးငယ်များကျောင်းသို့ ရောက်ရှိလာပြီး သူတို့၏လမ်းညွှန်မှုကြောင့် ဤလိုဏ်ဂူတော်ကြီးအတွင်းသို့ ရောက်ရှိခဲ့ကြောင်းသိရပါသည်။ လိုဏ်ဂူတော်ကြီးအတွင်းတွင် သဘာဝကျောက် စက်ပန်းဆွဲများမှာ ကကြိုးတန်ဆာအပြည့်ရှိနေသောကျောက်မြင်း၊ ကျောက်ငါး၊ ကျောက်လိပ်၊ ကျောက်မိချောင်း၊ ကျောက်ခရုသင်း၊ ကျောက်မောင်း၊ ကျောက်ဝါးရုံ၊ ကျောက်ဗောဓိပင်အစရှိသည်ဖြင့်ပုံစံမျိုးစုံပီပြင်လျက်ရှိသည်။ ထို့ပြင် လိုဏ်ဂူအတွင်းတွင်ချမ်းစိမ့်နေအောင်အေးသော အအေးလိုဏ်နှင့်ချွေးထုတ် ခန်းကဲ့သို့ ပူးနွေးမှုပေးသော အနွေးလိုဏ်ဟူ၍ နှစ်မျိုးကွဲနေသည်။ ထိုလိုဏ်ဂူကြီးထဲတွင် အသက် ရှူကြပ်ခြင်း၊ မွန်းခြင်းလုံးဝမရှိဘဲ အပြင်သို့ပြန်လည် ထွက်လာလျှင် စိတ်ကြည်လင်သောအရသာကို ပေးစွမ်းနိုင်သည့် Natural Spa တစ်ခုကဲ့သို့ဖြစ်နေကြောင်း၊ မြကျောက်ဆရာတော်မှ ပြောသည်။ နဂါး ဝင်္ကပါ သဘာဝကျောက်လိုဏ်ဂူကြီးအတွင်းတွင် ဝင်္ကပါကဲ့သို့လှည့်ပတ်သွားရပြီး ပေ(၅ဝဝဝ)ကျော် အရှည်လောက် အထိသွားလာနိုင်ကြောင်း၊ မည်မျှရှည်လျှားသည်ကို တိုင်းတာထား ခြင်းမရှိသေးကြောင်း ဆက်လက်ပြောဆိုပါသည်။ မြကျောက်ဆရာ တော် ဘဒ္ဒန္တခေမာစာရသည် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တရုတ် နိုင်ငံရှိ အထင်ကရလိုဏ်ဂူများသို့ သွားရောက်ခဲ့ဖူးသည်ဟုဆိုသည်။ ယခုတွေ့ရှိထားသောနဂါးဝင်္ကပါသဘာဝကျောက်လိုဏ်ဂူကြီးကိုလည်း 'တစ်နေ့ဒီလိုဏ်ဂူတော်ကြီးဟာကိုယ့်မြန်မာနိုင်ငံ၊မန္တလေးတိုင်းအတွက်၊ ကိုယ့်လူမျိုး အတွက် ဒီလိုထူးကဲပြီး တန်ဖိုးရှိလှတဲ့လိုဏ်ဂူကြီးကို သဘာဝအလှရတနာကြီး တစ်ခုလိုမျိုး၊ ထိမ်းသိမ်းစေလိုတယ်။ ကမ္ဘာကသိအောင်ဖော်ထုတ်ဖို့လိုတယ်။ ဘုန်းဘုန်းအနေနဲ့သာသနာ ပြုဖို့ခွင့်ပြုမယ်ဆိုရင်သာသနာပြုစခန်းဖွင့်မှာဖြစ်တယ်။ အနွေးလိုဏ် ကိုသဘာဝအတိုင်းထားမယ်၊ အအေးလိုဏ်ကိုဗုဒ္ဓရုပ်ပွားတော်တည် ထားပြီး အေးအေးချမ်းချမ်းနဲ့ တရားထိုင် နိုင်အောင်စီစဉ်ချင်တယ်' ဟု ဆရာတော်မှင်း၏ဆန္ဒကိုမိန့်ကြားပါသည်။
သံလျက်