MoneLei SayaDaw U ThanWaRa

Home Page
Abhidhamma in English
Abhidhamma in Myanmar
Audio in English
Audio in Myanmar
Video in English
Video in Myanmar
eBook in English
eBook in Myanmar
NEWS သတင်းဏ္ဍ

လှုဒါန်းရန်
အကြံပြုချက်များ
Contact Us
Useful Link
LIVE Webcast

MoneLei SayaDaw U ThanWaRa

 

အနောက်ဂန့်ဂေါ မုံလယ်ဆရာတော် ဘဒ္ဒန္တ သံဝရ
ဟောကြားတော်မူသောတရားတော်များ
                                                        

ပဲခူး၊ ၁၀-မိုင်ကုန်း၊ မုံလယ်တောရ ဓမ္မရိပ်သာ

ဖုန်း (၉၅) ၁-၂၄၇၅၇၆

**********************************

 

မုံလည်တောရ ဆရာတော်ဘုရားကြီး၏ အဂ္ဂိဈာပန အခမ်းအနား ဗီဒီယို မှတ်တမ်း

 

***********************************

မုံလည်တောရ ဆရာတော်ဘုရားကြီး၏ အဂ္ဂိဈာပန အခမ်းအနားပြီးစီပြီးနောက် ဓာတ်တော်အများကြွင်းကျန်ရစ်ဟု သိရှိရ

 

ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့က ခန္ဓာဝန်ချ ချုပ်ငြိမ်းတော် မူသွားသော မုံလယ်တောရ ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား မတ် ၃ရက်နေ့ နံနက်ခင်းတွင်အဂ္ဂိဈာပန အခမ်းအနားပြုလုပ်ခဲ့ရာ မတ်လ ၄ရက်နေ့ နံနက်ခင်းတွင် ဓာတ်တော်များ စတင် ကျဆင်းလာခဲ့ပြီး နောက်ရက်များတွင် ဆရာတော်ကြီး၏ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးမှ ဓာတ်တော်များ ကောက်ယူ ရရှိခဲံကြောင်းနှင့် အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန် မုံလယ်တောရ ဓမ္မရိပ်သာတွင် ပူဇော်ခံ ပြသထားရှိကြောင်း သိရှိရပါသည်။

�မတ်လ ၄ရက်နေံ နံနက်ခင်း ၂နာရီလောက်မှာ ဓာတ်တော်တွေ စတင်ကျတယ်လို့ ယူဆရပါတယ်။ အဲဒီအချိန်မှာ ပြာပုံထဲကနေ အစိမ်းရောင်၊ အနီရောင်တွေ ကွန့်မြူးတာကို တွေ့ရှိရပါတယ်� ဟု ဈာပန အခမ်းအနားကို စောင့်ကြည့်ဖူးမြော်ခဲ့သည့် ယောဂီတစ်ဦးက ဆိုပါသည်။ မီအရှိန်ကြောင့် ပြာပူများ အေးစေရန် စောင့်ဆိုင်းရင်း မတ်လ ၅ရက်နေ့တွင် နာယက ဆရာတော်ကြီးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ဦးစီးကာ ဓာတ်တော်များ ကောက်ယူခဲံရာ ဆရာတော်ကြီး၏ ခြေထောက်တော်၊ ခါးတော်၊ နှလုံးတော်၊ ရင်ညွှန့်တော်၊ ဦးနှောက်တော်၊ သွားတော်၊ မေးရိုးတော်၊ ဦးခေါင်းတော် တို့မှ ဓာတ်တော်များ ကြွင်းကျန်ရစ်ခဲ့သည်။

 

ဆရာတော်ကြီးရဲ့ အဂ္ဂိဈာပန ပြုလုပ်ချိန်ဟာ ၁၇နာရီ ၂၅မိနစ် ကြာမြင့်ပါတယ်။ မီးရှိန်လည်း ပြင်းတာကြောင့် ရုပ်ကလပ်တော် အောက်ခံ သံတိုင်တွေတောင် ကွေးကောက်ကုန်ပါတယ်။ ထူးခြားတာက ဒီလောက် အပူရှိန်ပြင်းပေမဲ့ ခန္ဓာကိုယ်ရဲ့ နုနယ်တဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ နှလုံးတော်၊ ဦးနှောက်တော်တို့လို အစိတ်အပိုင်းတွေ ကြွင်းကျန်ရစ်တာပါပဲ ဟု ဈာပန ကျင်းပရေးကော်မတီဝင်တဦးက ပြောကြားသည်။

 

*********************************

ဦးဇင်းသိတဲ့ မုံလယ်ဆရာတော်ကြီး၏ ထူးခြားချက်များနှင့် ဈာပန မှတ်တမ်း (29-3-2011)

 

မုံလယ်ဆရာတော်ကြီးရဲ့ထူးခြားချက်တွေကတော့ အများကြီးပဲ။ ဦးဇင်းတို့ကိုယ်တိုင်ကြို့တွေ့ဖူးတာတောင် မနည်းဘူး။ တစ်ချို့ဟာတွေက ခုချက်ချင်းကြီးပြောပြရင် မပြည့်စုံသေးဘူး။ ခုတော့ ဆရာတော်ကြီးဘယ်လို ပျံလွန်တော်မူတယ်ဆိုတာကို နည်းနည်းပြောပြမယ်။ ဆရာတော်ကြီးခန္ဓာဝန်မချခင် 23-Feb ညနေခင်းလောက်မှာ ဆရာတော် အမောဖောက်လာလို့ ဆရာတော့်ကို ဆေးရုံတင်မယ်လို့ ပင့်လျှောက်ကြတော့ ဆရာတော်က မလိုက်ဘူးလို့ လက်ခါပြ ခေါင်းခါပြပြီးငြင်းတယ်။ (သူ့ရောဂါအခြေအနေ သူအသိဆုံးပဲလေ။ တစ်ချို့ ဆရာတော့ဒကာ အရင်းတွေထဲက ကင်ဆာရောဂါသမားတွေကိုတောင် ဆရာတော်က ရောဂါပျောက်အောင် ပရိယာယ်သုံးကာ ဆေးနည်းပြောပြပြီး ကုသပေးခဲ့သေးတာ။ ခုသူ့ရောဂါ အခြေအနေကို သူကိုယ်တိုင်ပဲ အစားရှောင်ပြီးကုလိုက်၊ ဓာတ်ဆာစားလိုက်၊ တိုင်းရင်ဆေး (အထူးသဖြင့် ရေမျောသီး)နဲ့ ဖောင်းသောင်း ဗီဇက်ရွက်ကို အဓိကထားပြီး ဆေးအဖြစ်သုံးဆောင်မှီဝဲပါတယ်။) သူ့တပည့် ဦးဇင်းတွေ၊ သီလရှင်တွေ၊ ဒကာတွေက ဆေးစစ်ရုံလောက်ပါပဲဘုရား၊ ဆေးစစ်ပြီး ကျောင်းပြန်ပို့ပေးပါမယ်လို့ လျှောက်တော့မှ ဆရာတော်က လက်ခံတာ။ ဆေးရုံရောက်တော့ ဆရာတော့်အသံ မထွက်တော့ဘူး၊ လက်ဟန်ခြေဟန်နဲ့ပဲ ပြတော့တယ်၊ ကားစတီယာတိုင်ပုံလုပ်ပြပြီး ကားခေါ် ကျောင်းပြန်မယ်ပဲ ပြောနေတာ။ (ဆရာတော်က English ဆေးတွေကို လုံးဝအထင်မကြီး, ယုံလည်းမယုံဘူးလေ။) ဟိုဒကာလာလဲ လက်နဲ့ဟန်ပြပြီး ကျောင်းပြန်မယ်ပဲ ပြောနေတာ။ တာဝန်ယူပြီး ပြန်ပို့ပေးမယ့်သူလည်းမရှိကြဘူး၊ ကားတွေအလည်းအပြည့်အစုံရှိလျက်နဲ့၊ လမ်းမှာတစ်ခုခုဖြစ်သွားမှာကို ကြောက်ကြတယ်လေ။ ဒါနဲ့ ဆရာတော်က ကျောင်းပြန်မယ့်ကိစ္စလက်လျှော့လိုက်ပြီး..ဆရာဝန်တွေဆေးသွင်းတာကို ကြည်ကြည်ဖြူဖြူပဲ လက်ခံတယ်။ သိပ်မလှုပ်တော့ဘူး၊ ဦးဇင်းရဲ့သူငယ်ချင်းက ဆရာတော့်အနားမှာ အနီးကပ်ရှိနေတယ်။ ဆရာတော်က သူ ခန္ဓာဝန်ချတော့မယ်ဆိုတဲ့အကြောင်းကို လက်ဟန်နဲ့ ၁၅ကြိမ်က ပြတယ်။ ဘေးစောင့်နေတဲ့ ဦးဇင်းတွေ၊ ဒကာတွေက ဆရာတော်ဘာကို ဆိုလိုမှန် မသိကြဘူး။ ၂၄ရက်ညနေ ၆နာရီမထိုးခင်လောက်မှာ ဆရာတော် ပါးစပ်က ဆေးတွေ, Ensure အားဆေးရည်တွေကို အန်ချလိုက်ပြီး ခေါင်းက ညာဘက်ကိုဆိုက်သွားတယ်၊ မျက်လုံးငြိမ်ပြီး မလှုပ်တော့ဘူး၊ ဒါပေမယ့် နှလုံးခုံနှုန်း (pulse) က normal ပဲ ငြိမ်နေတယ်။ အသက်ရှုတာတောင် ပါးစပ်နဲ့ လျှာလေးကို လှုပ်ပြီး ရှုနေရတာ။ ဆရာဝန်တွေက ဒီည (24.Feb) မကျော်တော့ဘူးလို့မှန်းထားကြတာ။ တဖြည်းဖြည်းနဲ့ ဆရာတော့် လက်တွေမှာ အောက်စီဂျင်နည်းလာတယ်၊ nurse တွေက လက်ကို oxygen တိုင်းတာ တိုင်းလို့မရဘူးဖြစ်နေတယ်။ လက်ဖျားတွေက တစ်ဆင့် တဖြည်းဖြည်းလက်မောင်းထိ အေးစက်လာတယ်၊ ဦးဇင်းခမည်းတော်(ဆရာတော့်ဒကာအရင်းဖြစ်တဲ့) ဦးသန့်ဇင်က လက်လေးတွေကို ပြန်နှိပ်ပေးလိုက်တော့ လက်လေးတွေကပြန်နွေးလာတယ်၊ oxygen လဲပြန်တိုင်းလို့ရလာတယ်။ (စောင့်နေသူတွေက ဆရာတော့်လက်လေးတွေ နွေးလာပြီ အခြေအနေပြန်ကောင်းလာနိုင်တယ်) ဆိုတဲ့ မျှော်လင့်ချက်လေးတွေ ကိုယ်စီနဲ့စောင့်နေကြတာပေါ့။ တညလုံး ဆရာတော်ရဲ့ pulse က ပုံမှန်ပဲ။ တာဝန်ကျတဲ့ nurse 2နာရီကြား တစ်ခါ pressure လာတိုင်းတယ်၊ pressure ကလည်း ပုံမှန်လောက်ပဲ။ 25-feb အာရုံတက်ပြီး မိုးလင်းခါစမှာ ဆရာတော် ပါးစပ်နဲ့ အသက်ရှုတာ တဖြည်းဖြည်းနှေးလာတယ်။ လျှာလေးက လှှုပ်တယ်ဆိုရုံလေးတင်။ မနက် ၈း၀၀နာရီမထိုးခင်မှာ pulse ကတဖြည်းဖြည်းနဲ့ နှေးလာတယ်။ 8:00 လဲထိုးပြီးနောက် pulse monitor မှာ Straight line signal တန်းပြီး တီ- ီ -ီ ီ ဆိုပြီးတန်းသွားတယ်။ 

 

ငိုတဲ့လူတွေလည်းငိုကြ၊ ကြောင်ကြည့်နေတဲ့လူတွေလည်း ဘာလုပ်ရမှန်းမသိ ဝမ်းနည်းပြီးကြည့်လျက်၊ ဆရာဝန်တွေကိုပြောတယ်၊ ဆရာတော့်ကို ဘာဆေးမှမထိုးဖို့၊ ဒီအတိုင်း မနက် 9နာရီမှာ ရုပ်ကလာပ်ကို ကျောင်းကို ပြန်ပင့်ဆောင်လာကြတယ်။ ကျောင်းရောက် ဆရာတော့်ကို ရေချိုး၊ ဆံရိတ်၊ လက်သည်း-ခြေသည်းညှပ်ပေး၊ ဦးဇင်းသူငယ်ချင်းက ဆရာတော် ဝတ်နေကြ ရုံနေကြအတိုင်းပဲ သင်္ကန်းကို ရုံပေး ပြင်ပေးပြီး ပုံထဲကအတိုင်း ဆရာတော့်အဆောင် ဘုရားစင်ရှေ့မှာပဲ ကုတင်ပြင်ပြီး ရုပ်ကလာပ်ကို အပူဇော်ခံထားလိုက်ပါတယ်။ နေ့လည် ၁နာရီမှာ အခေါင်းသွင်းပါတယ်။ ရုတ်တရက်ဆိုတော့ အခေါင်းက အသစ်မဟုတ်ဘူး၊ ဘုန်းကြီးပျံရင် သုံးနေကြ အခေါင်းကိုပဲ ငှားသုံးလိုက်တယ်။ အခေါင်းက ကျဉ်းတော့ ဆရာတော်ကိုယ်က အထဲမှာ ကြပ်နေသလိုကြီးဖြစ်နေတယ်။ ၃ရက်လောက်နေတော့ ဒကာတွေ၊ ဒကာမတွေက ကိုယ့်ဆရာသမားကို အခေါင်းအသစ်မှာပဲ ထည့်ချင်တယ်၊ ထည့်ကြမယ်လု့ိ ဝိုင်းဝန်းဆွေးနွေးပြီး အခေါင်း အဟောင်းကနေ ရွှေအစစ်ချထားတဲ့ အခေါင်းအသစ်ကို ပြောင်းလိုက်ကြတယ်။ (ပုံထဲမှာလဲ မြင်ကြရမှာပါ)။ အခေါင်းအသစ်ကို နောက်ပိုင်း ဆရာတော့်စံကျောင်းမှာ ပြတိုက်ပစ္စည်းတစ်ခုအဖြစ်ထားရှိမှာပါ။ ကျန်တာကတော့ ဓာတ်ပုံကိုကြည်ရုံနဲ့တင် အစီအစဉ်ကို သိလောက်ပါပြီ။

ပူပူနွေးနွေး ထူးခြားချက်တွေကတော့

ဆရာတော် ပျံလွန်တော်မမူမီ ၁လကျော်ကျော်လောက်မှာ အခုမီးသြင်္ဂုလ်တဲ့နေရာဟာ သစ်ပင်ချုံနွယ်တွေ၊ သျှိုတွေ၊ ချိုင့်ဝှမ်းတွေရှိတဲ့ မြေရိုင်းနေရာကြီးပါ။ အဲဒီနေရာကို ဆရာတော်က ဦးဇင်းတစ်ပါးကို ဦးစီးခိုင်းပြီး စက်တွေနဲ့ မြေညှိဖို့လုပ်ခိုင်းတယ်။ ဒကာတွေကလည်း အဲဒီနေရာကို ဆရာတော် ဘာရည်ရွယ်ချက်နဲ့ မြေညှိခိုင်းလဲဆိုတာကို နားမလည်ကြဘူး။ သြော်ခု ပျံလွန်တော်မူတဲ့အခါမှာ အကြောင်းအကျိုးဆက်စပ်ပြီး သဘောပေါက်ကြတော့တယ်။ နောက်တစ်ခုက လက်ရှိ တို့လို့တန်းလန်း တည်လတ်စဖြစ်နေတဲ့ စေတီ။ အဲဒီစေတီဟာ အထက်ဌာပနာတိုက် မပိတ်ရသေးဘူး။ ဆရာတော် ဘာ plan ရှိလို့ မပိတ်ခိုင်းသေးဘဲ ဌာပနာပိတ်မယ့်ရက်ကို ရွေ့ပြောင်းသတ်မှတ်ထားတာလဲဆိုတာကို အားလုံး သဘောမပေါက်ကြဘူး။ ဆရာတော်ရဲ့ တပည့်အရင်းဖြစ်တဲ့ ဦးဇင်း (ဦးတေဇနိယ)က ပျံလွန်တော်မမူမီ ၁နှစ်ကျော်လောက်မှာ သူ ဆရာတော့်အကြောင်း ထူးခြားတဲ့ အိမ်မက် မက်တယ်။ အိပ်မက်ထဲမှာ ဆရာတော်က ငါပျံလွန်တော်မူရင် ငါ့ကို မင်းတို့ မီးအကြာကြီးပူဇော်ရလိမ့်မယ်လို့ သူ့ကို တည့်ကြီးပြောတယ်။ သူက ဦးဇင်းတို့ကို သူ့အိမ်မက်အကြောင်းတွေ ပြောပြလေ့ရှိတယ်။ အခုလည်း ဆရာတော့် ရုပ်ကလာပ်ကို မီးသြင်္ဂုလ်ပူဇော်ဖို့ ရှင်မတောင်သနပ်ခါးတုန်း ထင်းချောင်းတွေဟာ များလိုက်တာများ ၄ပါး ရှို့စာလောက်ရှိမယ်။

3-Mar-2011 နေ့လည် ၂နာရီလောက်မှာ ဆရာတော်ရုပ်ကလာပ်ကို အနန္တောအနန္တ(၅)ပါး ကန်တော့ချိုးနဲ့ရှိခိုးနေစဉ်...မီးသြင်္ဂုလ်စင်ပေါ်က တာဝန်ကျဒကာရင်းတွေ၊ ဦးဇင်းတွေက ဆရာတော်ကိုယ်ကို တရားထိုင်တဲ့ပုံစံလုပ်ကြည့်ကြတယ်။ ခြေတွေ၊ လက်တွေက ပျော့ပြောင်းလို့၊ ပက်လက်အိပ်တဲ့ပုံစံကနေ ထိုင်တဲ့ပုံစံအပြောင်းမှာ ဦးခေါင်းက ပျော့လွန်းလို့ ရှေ့ကို ငိုက်စိုက်သွားတယ်။ ဒီလို ထိုင်တဲ့ပုံစံလုပ်ပြီး ဗွီဒီယိုမှတ်တမ်းတင်၊ ဓာတ်ပုံမှတ်တမ်းတင်ထားကြတယ်။ ဒကာတွေက ဆရာတော့် လက်တွေ၊ ခြေတွေကို ဝိုင်းကိုင်ကြ ပျော့မပျော့ ချိုးလိုက်က်၊ ကွေးလိုက်၊ ဆံ့လိုက်လုပ်ကြတယ်။ ပြီးနောက်...

3-Mar-2011 မွန်းလွဲနေ့လည် ၂း၂၀ မှာ စတင် မီးသြင်္ဂုလ်တယ်။ မီးက.ညနေလည်းမီးမငြိမ်း၊ ညလည်းမငြိမ်း၊ နောက်နေ့ 4-Mar-2011 မနက်ရး၄ဝ - ၄၅ မိနစ်လောက်မှ ငြိမ်းသွားတယ်၊ ဒါပေမယ့် သံဒယ်အိုးကြီးထဲမှာတော့ ပြာဖုန်းနေတဲ့ မီးသွေးခဲတွေက တငွေ့ငွေ့နဲ့။ ဒယ်အိုးကြီးကပူသလားမမေးနဲ့ အပေါ်မှာစွပ်တဲ့ စတီးသံ frame ကြီးတောင် ကောက်သွားတယ်၊ ပြာဒယ်အိုးကြီးထဲက လက်မဝက်လုံးပတ်လောက်ရှိတဲ့ သံချောင်းဇကာကွက်ကြီးကလဲ အောက်ကို ကွေးပြီး ညွန့်ကျသွားတယ်။ (ဓာတ်ပုံထဲမှာကြည့်ပါ)။

 

4-Mar-2011 နေ့မှာ ပြာတွေ၊ အရိုးတော်၊ ဓာတ်တော်တွေကို မီးအပူရှိန်မလျော့သေးတဲ့အတွက်ကြောင့် မကောက်သေးဘဲ တစ်ညလောက် ဆရာတော့် ဝါးကျောင်းထဲမှာပဲ တံခါးတွေသေချာအလုံပိတ်၊ ရဲကင်းတွေလည်း အစောင့်ထား၊ ဘေးပတ်ပတ်လည်မှာ ဦးဇင်းတို့ကိုယ်တိုင် နေ့-ည အလှည့်ကြစောင့်ခဲ့ရတယ်။

5-Mar-2011 မနက် 8:00am အချိန်မှာ ပြာတွေ၊ အရိုးတော်တွေ၊ ဓာတ်တော်တွေကို စပြီးကောက်ပါတယ်။ နာယကဆရာတော် ၄-ပါးနဲ့ တာဝန်ရှိတဲ့ ဆရာတော့်ဒကာအရင်းများကို ဓာတ်တော်များကို ကောက်ကြတယ်။ အထဲမှာ ကောက်နေတာကို video camera နဲ့ live လွှင့်ပြီး ဓမ္မာရုံထဲမှာ projector ရော၊ TV အကြီးကြီးနဲ့ပါ ဒကာ-ဒကာမတွေ၊ တပည့်တပန်းတွေအားလုံး ပူဇော်လို့ရအောင် ပြသပေးပါတယ်။ ဓမ္မာရုံထဲမှာ ဘောပွဲကြည့်နေသလားအောင့်မေ့တယ်၊ သြော်-်-်-်, အိုးးးး, Wowww ဆိုတဲ့အသံတွေကြီးပါပဲ။ ဦးဇင်းကိုယ်တိုင် ဓမ္မာရုံကနေ live ကြည့်ခဲ့တာ။ နောက်ပိုင်းအားမရတာနဲ့ ဓာတ်တော်ကောက်တဲ့ ကျောင်းဆောင်နားအထိ အနီးကပ်သွားကြည့်တယ်။ ဝါးကျောင်းထဲကို နာယက ၄-ပါးနဲ့ တာဝန်ရှိတဲ့ ဒကာအရင်းတွေ, ကျောင်းက ကင်မရာရိုက်တဲ့သူတွေကလွဲလို့ ဘယ်သူမှ ဝင်ခွင့် မပေးပါဘူး။ ဒီတော့ ဘေးဖက် ပြတင်းပေါက်ကနေ သံတိုင်ကို ခိုပြီးတော့ ကြည့်ရပါတယ်၊ ကြည့်ရုံတဲ့မပြီးလက်တစ်ဖက်က သံတိုင်ကိုကိုင်ထားရင် ကျန်တစ်ဖက်က ကင်မရာကိုကိုင်းပြီး တစ်ဖျတ်ဖျတ်နဲ့ ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။ 11:00am လောက်မှာ ဓာတ်တော်တွေ၊ မီးမခတဲ့ အရိုးတော်တွေကို ဓမ္မာရုံအတွင်းသို့ သယ်ဆောင်လားပြီး အားလုံးပူဇော်နိုင်အောင် အပူဇော်ခံထားရှိပါတယ်။ အခုထိတိုင် အချိန် အကန့်အသတ်နဲ့ အပူဇော်ခံထားပါတယ်။

တိုက်ခွဲ ၄-ဌာနစလုံးမှာ ဓာတ်တော်တိုက် ဆောက်ဖြစ်မယ်၊ မဆောက်ဖြစ်ဘူးဆိုတာ တိုင်ပင်ဆွေးနွေးနေကြပါတယ်။ နောက်တစ်ခု ထူးခြားတာက ဆရာတော်ကြီးဆေးရုံတက်တုန်း သွေးစစ်ဖို့ ယူသွားတဲ့ သွေးပုလင်းကို ဆရာတော်ကြီးရဲ့တပည့်ရင်း ဒကာမတစ်ယောက်က ဆေးရုံကနေ ရွေးယူလာပြီး အိမ်ဘုရားခန်းမှာ တင်ထားပြီး ဓာတ်တော်ကောက်တဲ့နေ့ 5-March-2011 နေ့ ညဘက် ဘုရားရှိခိုးပြီး သွေးပုလင်းကိုဖွင့်ကြည့်လိုက်တာ သွေးကနေ ဓာတ်တော်လေးတွေဖြစ်တယ်လို့ ဝမ်းသာအားရနဲ့ အကျိုးအကြောင်းကို ဖုန်းဆက်ပြောပြတယ်။ နောက် ဆရာတော့်တပည့်အရင်း (ဆရာတော်ကြီးကိုပြည်ပ သာသနာပြု ပထမဆုံးစပင့်တဲ့ဒကာမ) ဒေါ်ယဉ်ယဉ်မွှေးရဲ့ အိမ်မှာ ဆရာတော်ကိုယ်တိုင် ချီးမြှင့်ထားတဲ့ ဆရာတော့်ဆံတော် (နဂိုက ဆံတော်အလုံး)ကနေ ဘေးပတ်ပတ်လည်မှာ ဓာတ်တော်အဖြူရောင်လေးတွေကျတယ်ပြောလို့ သွားကြည့်ရဦးမယ်။

နောက်ပြီး ဓာတ်တော်ကောက်စဉ် ပြာနှင့် ဓာတ်တော်၊ အရိုးတော်များကို ဆေးရာတွင် အသုံးပြုခဲ့တဲ့ အုန်းရည်များဟာ အခုဆိုရင် ၁လတောင်ပြည့်တော့မယ် မပုပ်သေးဘူးလို့ မန်းမုံလယ်ကျောင်းက တစ်ဆင့်ပြောတာကို ကြားသိရတယ်။

ဒါက ဦးဇင်းသိထားတဲ့ ဆရာတော်ကြီးရဲ့ ဈာပနအကြောင်းအရာတွေပါ။ ကိုယ်မသိသေးတဲ့အကြောင်းတွေလည်းရှိပါသေးတယ်။ သိခွင့်ကြုံရင်တော့ သိကြရမှာပါ။
 

Bhikkhu PaāSāta (အရှင်ပညာသာတ) 

*********************************

ဓာတ်တော်များကျသည့် မုံလယ်တောရဆရာ တော်ကြီးအား လက်အုပ်ချီမိုးလျက်

 

 မိုးကုတ်ဝိပဿနာကမ္မဌာ နာစ ရိယ မုံလယ်တောရဆရာတော် အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒန္တသံ ဝရဆရာတော်ဘုရားကြီး ခန္ဓာ ဝန်ချတော်မူသည့်သတင်းကို (၂၆-၂-၂ဝ၁၁)ရက်နေ့ထုတ် ကြေးမုံ သတင်းစာ၊ မြန်မာ့အလင်း သတင်း စာတို့၌ ဖတ်ရသောအခါ စာရေး သူအနေအထူးပင် တုန်လှုပ်မိပြီး ဝမ်းနည်း မဆုံး ဖြစ်ခဲ့ရ သည်။ဆရာတော်ကြီးသည် ၁၃၇၁ခု နှစ်၊ တပို့တွဲလပြည့်ကျော် (၇)ရက်၊ (၂၅-၂-၂ဝ၁၁) သောကြာနေ့၊ နံနက် ၈ နာရီတွင် မန္တလေးမြို့၌ ခန္ဓာဝန်ချတော်မူလေပြီး ကြွင်းကျန် သော ဆရာတော်၏ရုပ်ကလာပ် တော်ကို ၁၃၈၂ခုနှစ် တပို့တွဲလပြည့် ကျော် ၁၃ရက်(၃-၃-၂၁၁)ရက်နေ့ မွန်းလွဲ ၁နာရီက မုံလယ်တောရ ကျောင်း ရေတံခွန်တောင်(အမှတ် ၃ တိုက်ခွဲ) မန္တလေးတွင် အန္တိမအဂ္ဂိ ဈာပနပူဇော်ခဲ့ပါသည်။ပန်းပေါင်စုံအလယ်၌ ရှိသော မှန်ကလပ်တော်အတွင်း၌ မုံလယ် ဆရာတော် ဘုရားကြီးအား နောက် ဆုံးပူဇော်ခံပြီး ဆရာတော်ဘုရားကြီး ၏ ရုပ်ကလာပ်တော်အား မီးပူဇော် ခဲ့ကြသည်။ဆရာတော်ကြီး၏ ရုပ်ကလာပ် တော်အားမီးပူဇော်ရာ မှဓာတ်တော် ကျကြောင်း�ဓာတ်တော်တွေကျ တယ်ဗျာ။ နှလုံးတော်ဓာတ်တော် လည်းရတယ်။ ပုလဲရောင်၊ ပတ္တမြား ရောင်ဓာတ်တော်တွေလည်းကျ တယ်။ ဆယ့်ရှစ်နာရီကြာအောင် မီး သြင်္ဂိုဟ်ခဲ့တယ်။ ဆရာကြီးဖုန်းဆက် တဲ့အချိန်အထိ ဓာတ်တော်တွေ ကောက်နေတုန်းပဲ�ဟု ဆရာတော် ကြီး၏ ဒကာရင်း ဦးဇော်ဝင်း (ဟိန်း ကွန်ပျူတာ)က ဆိုပါသည့်ထိုစကား သံကို ကြားမိလေသောအခါ စာရေး သူသည် မိမိကိုးကွယ်ပူဇော်ခဲ့ရသော ဆရာတော်ကြီး အမှန်စင်စစ် ရဟန်း ကိစ္စပြီးမြောက်တော်မူသော၊ ဓာတ် တော်အစစ်အမှန်ကျတော်မူသော ဆရာတော်ကြီးပါတကားဟူ၍ တွေး တောမိပြီးသာမန်ပုထုဇဉ်မျှသာဖြစ် သည့်စာရေးသူသည် မျက်ရည်ဝဲစို့ ရုံသာမက၊ ပါးပြင်နှစ်ဖက်သို့စီးကျ လျက်၊သဒ္ဓါတရားများထက်သန်ကာ လက်အုပ်ချီမိုးဦးအကြိမ် ကြိမ်ချနေမိ ပေတော့သည်။

 

တက္ကသိုလ်မျိုး

 

*********************************

Most venerable monle sayadaw gyi passed away on 28 Feb 2011 at 8AM in Mandalay Hospital.

Now, his body is carried back to Mandalay Monle Monastery and will left the body inside monastery for 10 days.

contacts: (95-9) 2042315 (Mandalay Monle),

095015132 (U Zaw Win),

099030753 (U Thant Zin),

095156008 (Daw Jenny Kogyi)

 

*********************************

 

မုံလယ်တောရ ဆရာတော်ဘုရားကြီး မန္တလေးမြို့၌ ခန္ဓာဝန်ချ ချုပ်ငြိမ်းတော်မူ
.

ဖေဖော်ဝါရီ (၂၅) ယနေ့နံနက် (၈)နာရီတိတိ အချိန်တွင် မိုးကုတ်ဝိပဿနာ ကမ္မဌာနာ စရိယ မုံလယ်တောရ ဆရာတော် ဘုရားကြီး အဂ္ဂမဟာ ကမ္မဌာနာ စရိယဘဒ္ဒန္တသံဝရသည် မန္တလေးမြို့၊ ရေတံခွန်တောင်ခြေ၊ မုံလယ် တောရကျောင်း၌ ခန္ဓာဝန်ချ ချုပ်ငြိမ်းတော် မူသည်။ ရဟန္တာဟု သမုတ်ကြသော ဆရာတော် ဘုရားကြီး၏ ရုပ်ကလာပ်တော်သည် သက်ရှိထင်ရှား ရှိနေသကဲ့သို့ ဝင်းအိပျော့ပျောင်းလျက်ရှိပြီး ညာဖက် မျက်လုံးတော်၏ ဘေးဖက်၊ နှာရိုးတော် ညာဖက်အနီးတွင် ချွေးစစိုစို ထွက်ရှိနေသည်ကိုလည်း ထိုနေ့ ညခင်းပိုင်း အချိန်က ထူးထူးခြားခြား ကြည်ညိုဖွယ်ရာ ဖူးတွေ့ရသည်။ ထို့အပြင် ဆရာတော်ဘုရားကြီး ခန္ဓာဝန်မချမီ ရက်ပိုင်း၊ လပိုင်းအလို နေ့ရက်များတွင် ထူးခြားဖြစ်စဉ် အများအပြား ရှိခဲ့သည်ဟု တပည့် သာဝကများက ဆိုကြသည်။ မုံလယ် ဆရာတော် အလောင်းအလျာကို အနောက် ဂန့်ဂေါမြို့နယ်နေ ခမည်းတော် ဦးငွေထွန်း၊ မယ်တော် ဒေါ်ဆေးရန်တို့မှ (၁၂၈၂) ခုနှစ်၊ နတ်တော် လပြည့်ကျော် (၁၃)ရက်၊ သောကြာနေ့ နံနက် (၁)နာရီ အချိန်တွင် မီးရှူး သန့်စင် မွေးမြင်ခဲ့ပါသည်။ ငယ်အမည်မှာ မောင်ဝသိန်း ဖြစ်ပြီး ညီအစ် ကိုမောင်နှမ (၄)ယောက် ရှိသည့်အနက် တတိယမြောက် သားရတနာ ဖြစ်သည်။ သက်တော် (၅၆)နှစ် အရွယ်၌ မုံလယ်တောရ ဆရာတော် �ဦးဇာဂရ� ထံတွင် ရှင်သာမဏေ ပြုခဲ့သည်။

သက်တော် (၅၇)နှစ် သာမဏေ(၁) ဝါအရတွင် အနောက် ဂန့်ဂေါရွာ၊ မာန်အောင်ကျောင်း (သုဿာန်ကျောင်း) ဆရာတော် ဦးသုစိတ္တာလင်္ကာရ မဟာထေရ်ကို ဥပဇာယ်ပြု၍ ကုန်သည်ကြီး ဦးအေးဖေ၊ ဒေါ်အုန်းကြည်တို့က ရဟန်းဒါယကာခံကာ ရဟန်းဘောင်သို့ သွတ်သွင်း ချီးမြှင့်ခဲ့ကြသည်။ ရဟန်းဝါ (၆)ဝါ အရတွင် မန္တလေးမြို့၊ မြို့ဟောင်း မင်္ဂလာတိုက် ဆရာတော် �ဦးဓမ္မိဿာရ� မြို့ဟောင်း တောင်ပြင်တိုက်ဆရာတော် �ဦးသုမန� တို့ထံတွင် မိုးကုတ် ဝိပဿနာ နည်းနိဿရည်းခံ ကျင့်ကြံရှုပွား အားထုတ်တော် မူခဲ့သည်။ ဆရာတော် ဘုရားကြီးသည် အနောက် ဂန့်ဂေါ၊ မုံလယ်တောရကျောင်း အပြင် ပဲခူး၊ ဆယ်မိုင်ကုန်း (အမှတ်-၁-တိုက်ခွဲ) ကျိုင်းတုံမြို့(အမှတ်-၂-တိုက်ခွဲ)နှင့် မန္တလေးမြို့၊ ရေတံခွန်တောင် (အမှတ်-၃-တိုက်ခွဲ) များတွင် မုံလယ်ဓမ္မရိပ်သာ ကျောင်းတိုက်ခွဲများ ဖွင့်လှစ်ကာ ပြည်တွင်းပြည်ပ သာသနာပြု ခရီးများ ကြွရောက်ပြီး တရားဓမ္မများ ဟောကြား ပြသခဲ့သည်။ ဆရာတော် ဘုရားကြီးအား ၁၃၆၁ ခု၊ တပေါင်း လပြည့်နေ့တွင် (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) ၏ အဂ္ဂမဟာ ကမ္မဌာနစရိယဘွဲ့ ဆက်ကပ်ခြင်းကို ခံယူရရှိတော် မူခဲ့ပါသည်။ ဆရာတော် ဘုရားကြီး၏ အဆိုအမိန့် တစ်ခုမှာ �သီလက မပေးနိုင်သော အရာဟူ၍ ဘာမှမရှိ၊ သီလလုံခြုံမှ အကျိုးရှိမည်� ပင်ဖြစ်သည်။ ဆရာတော် ဘုရားကြီး၏ ရုပ်ကလာပ်တော်ကို (၁၃၇၂)ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁၃)ရက် (၃၊၃၊၂၀၁၁)နေ့၊ (၁)နာရီအချိန်တွင် မုံလယ်တောရကျောင်း၊ ရေတံခွန်တောင်၊ မန္တလေးတွင် အန္တိမဂ္ဂိဈာပန ပူဇော် ကျင်းပမည် ဖြစ်ကြောင်း သိရှိ ရသည်။


 

 

 

******************************

 

 

*

ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်၊ မုံလယ်တောရကျောင်းတွင် သီတင်းသုံးလျက်ရှိသော ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသံဝရ မုံလယ်ဆရာတော်ဘုရားကြီး သက်တော်(၉၁)နှစ်၊ ဝါတော်(၃၄) ဝါသည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ နံနက် ၈ နာရီ ၅ မိနစ်တွင် ခန္ဓာဝန်ချ ချုပ်ငြိမ်းတော်မူသွားခဲ့ကြောင်းလည်း သိရှိရပါသည်။ ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၈ နာရီအချိန်တွင် ခန္ဓာဝန်ချသွားသော မုံလယ်တောရ ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်တွင် ခန္ဓာဝန်ချပြီး လေးရက်အကြာ မတ်လ ၁ ရက်နေ့ နံနက်၌ ဦးခေါင်းတော်၌ မွေးညင်းဆံပင်လေးများ ရှင်သန်လာကြောင်းလည်း ဖူးတွေ့ရပါသည်။

ခန္ဓာဝန်ချပြီးသည်မှစ၍ ရုပ်ကလာပ်တော်၏ ထူးခြားမှုနှင့်ပတ်သက်၍ ''ဆရာတော်ကြီးက လက်ရှိ ထင်ရှားစဉ် ကျိန်းစက်နေသလိုပဲ ခန္ဓာကိုယ်က ပျော့ပျော့ပျောင်းပျောင်း ရှိနေပါတယ်။ မျက်ဝန်းတော် ဘေးတွေမှာလည်း ချွေးစို့နေတာ ဖူးတွေ့ရတယ်။ ညပိုင်းတွေမှာလည်း ထူးခြားတဲ့ ကြည်ညိုဖွယ်ရာ ဖြစ်စဉ်တွေ ဖူးတွေ့ရပါတယ်''ဟု စံကျောင်းတော်တွင် အမြဲရှိနေသည့် တပည့် ဒါယကာတစ်ဦးကလည်း ပြောကြားပါသည်။
 

*********************************

 

Monle sayadaw passed away in 8:00AM on 25Feb2011 at Mandalay Hospital. His body was carried back to Mandalay Monle Hospital soon after he passes away. His body was burned for 18 hours. There are many bones and relics left after the body was burned.

 

************************************************************************

 

Biography of Agga-maha-Kamathana Cariya Monle Sayadaw
Bhattanda Bhante Sanvara
(Mogok Vipassana Meditation Master)

Monle Sayadaw was born on Friday 1am, on the 13th Wanning of Nattaw, year 1282 Myanmar Burmese) Era at West Gangaw township. He was named as Maung Wa Thein. Monle Sayadaw�s parents were U Ngwe Tun and Daw Sae Yan. He is the third child among the four siblings. His mother died when he was three.

At the age of fourteen, he was ordained as an sāmanera (novice) under the guidance of his preceptor, Moke-U-Kyaung Sayadaw U Thawbita with the sponsorship of his step-mother - Daw Sae Thawe. He was named sāmanera Ashin Sanvara. After one year he left the sāmanerahood and became a layman. He earned his living as a salesperson. At the age of twenty-four he was married to Daw Chit Myaing from Shone Shi village. He had four children. His wife died when he was the age of 46. He wanted to become a monk even before his wife expired . He had collected the accessories for monkshood and took daily eight precepts since.

After he had fulfilled his duties as a responsible parent and when the children are grown-up and settled, at the age of 56, he was again ordained as an sāmanera under the guidance of Sayadaw U Zagara.

At the age of 57, Ashin Sanvara took higher ordination under the instruction of his preceptor Sayadaw U Thawbita. His higher ordination was sponsored by U Aye Pe and Daw Ohn Kyi. After six vasas, he took Mogok vipassana training under guidance of two meditation masters, Mingala-Kyaung-Taik Sayadaw U Dhamisara of Mandalay Myo-haung, and Myo-Haung Taung-Pyin Taik Sayadaw U Sunmana.

He started his missionary work in April of 1990 in Yangon through the sponsorship of his devotees Lt. Major Thet Shay, Dr Jenny Ko Gyi, U Hla Myo and Daw Khin Win Maw. Si-Thu U Ko Gyi and Daw Ahmar. Since then he came to Yangon every year to conduct the meditation course. The devotees temporary donated their residence and compound as the meditation Hall and men and women yogi�s quarters.

Later on U Hla Myo and Daw Khin Win Maw donated six acres of land at Inndagaw Say-mi-gone, Pegu to establish �Monle Sasana Yeitha� meditation center.

Editor and Chief of Dhamma Pictorial Magazine and �The Promotion of Kalayana Puthuzin Association� invited Sayadaw to Yangon to give meditation course every year. He continued to spread Dhamma not only in Yangon but also in Pegu, Mandalay, Taung gyi, Myitkyina and many other cities in Myanmar. He had also traveled to USA and Australia to give meditation courses.

His permanent residence is at Inndagaw Say-mi-gone Sasana Yeittha, Pegu where he gave meditation courses since May of 1997. In 1999 Burmese Peace and Development Council honored him Agga-maha Kamathana Cariya.
*****************************
 

Dhamma Talk Video

 

 

 

****dhamma talks uploaded and published on 10 August 2009****
 

 

 

၅-၈-၂၀၀၈ နေလည်၂နာရီ အိုးကွဲပန်းကန်ကွဲ ဖြစ်ပျက်ဥပမာပြ ခန္ဓာဉာဏ်ရောက်ဒိဌိဖြုတ်တရားတော်

 

 

၁၃-၁၂-၂၀၀၈ ညနေ၃နာရီ ပရိညာသုံးပါး

၁၃-၁၂-၂၀၀၈ ည ၇နာရီ အဝိဇ္ဇာနှင့် တဏှာ

၁၄-၁၂-၂၀၀၈ နံနက် အာရုံမှနိမှ သဒ္ဒါမှန်တယ်

၁၄-၁၂-၂၀၀၈ နေ့လည်၃နာရီ ခန္ဓာ့ ပဋိစ္စသမုပ္ပါဒ်

၁၄-၁၂-၂၀၀၈ ညနေ၇နာရီ  မယ်ပဋာအကြောင်းဥပမာပြ ခန္ဓာဉာဏ်ရောက် ဒိဌိပြုတ်တရားတော်

၁၅-၁၂-၂၀၀၈ နေ့လည်၃နာရီ ခန္ဓာငါးပါး သူသတ်ယောကျာၤး (စုန်းမဥပမာပြ)

၁၅-၁၂-၂၀၀၈ ညနေ၇နာရီ သက္ကာယဒိဌိပြုတ်ပုံ

 

 

၆-၄-၂၀၀၈ နေ့လည်၂နာရီ အဝိဇ္ဇာဦးစီးပုံနှင့် တဏှာဦးစီးပုံ ခန္ဓာဉာဏ်ရောက် ဒိဌိပြုတ်တရားတော်

၂-၉-၂၀၀၈ နံနက်၇နာရီ  သီလပေးနှင့် ပညတ်ပရမတ် ခွဲခြားပြပုံ